> သီဟသူ [dot] blogspot [dot] com: မေးသူ

Feb 10, 2014

မေးသူ

တိတ်ဆိတ်၊ ပူလျှက်
မိုးဖွဲဖွဲရွာလျက်
မြို့တစ်ပတ်လျှောက်၊ ဆံပင်ညှပ်
လိုင်ချီး(အအေး)သောက်
မဆိုးပါဘူး။

နေ့တစ်နေ့ဟာလည်း
ကုန်တော့မည့်ဆဲဆဲ။
ကိုယ်ကအမေးခံရပေါင်းများတော့
ကိုယ်က ပြန်မေးခဲ့ပါတယ်
"နေကောင်းရဲ့လား . . .
ကျန်းမာလား" . . . ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment