> သီဟသူ [dot] blogspot [dot] com: တနင်္လာနေ့ ဒုတိယအပိုဒ်

Feb 23, 2014

တနင်္လာနေ့ ဒုတိယအပိုဒ်

သီတင်းတစ်ပတ်တိုင်း တစ်ပတ်တိုင်း တနင်္လာနေ့
ရောက်လာသလိုပဲ
ရောက်လာပါပြီ။

ပေါင်းသင်လို့ ပန်းပင်တွေရေလောင်း
ပန်းပင်တွေရေလောင်း၊ ပေါင်းသင်လို့
ကျောခင်းလို့၊ အပျင်းဆန့်
အပျင်းဆန့်၊ ကျောခင်းလို့။

စနေ၊ တနင်္ဂနွေ
ရောက်ခဲ့ပြီးလို့။
တနင်္လာနေ့ဟာ
ရောက်လာတာပေါ့လေ။

ရေဒီယိုအသံလွှင့်ချက်။

"ယနေ့၊ တနင်္လာနေ့မှာ
မြန်မာနိုင်ငံသို့ရောက်ရှိလာမှာဖြစ်ပြီး..."
တနင်္လာနေ့ဟာ အဲသလို
ရောက်လာပါတယ်။

ငါတို့နဲ့ ဆိုင်သလိုလို
မဆိုင်လိုလို။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment