> သီဟသူ [dot] blogspot [dot] com: မတွေ့ကြတော့ဘူးလား တစ်ယောက်နဲ့တစ်ယောက်

Feb 26, 2014

မတွေ့ကြတော့ဘူးလား တစ်ယောက်နဲ့တစ်ယောက်

မိုးရွာလာပြီ
မိုးရွာလာတော့
မိုးရွာတဲ့အခါ
မိုးအမည်နဲ့မိန်းကလေးလို
မိုးရွာတဲ့အခါ
ပန်းများ၊ လမ်းများ၊
ရေပေါက်များ၊ ရေစီးများ
အခန်းစည်းလွင့်လွင့်များ
ပြတင်းပေါက်များ
ပြတင်းပေါက်မှမြင်ရသော ကုန်စုံဆိုင်လေး
ရှေ့နားဓာတ်တိုင်
ဓာတ်တိုင်နားမှာ
ထီးတစ်လက်၊ အဲဒီထီးတစ်လက်အနီး
အခြားထီးများ
အခြားဘဝများ
ဘဝများအညိုရောင်၊ ဘဝများအနီရောင်
ဘဝများအရောင်စုံစုံ
မိုးဟာနှေးနှေး
မိုးဟာဖြေးဖြေး
မိုးဟာတိတ်မည့်အရောင်ဝေးဝေး
မပါသေးတဲ့အနာဂါတ်
မလာသေးတဲ့အနာဂါတ် မိုးရေစပ်စပ်မှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက် မကြားရာ၊ မြမြင်ရာ
ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက်အဝေးကြီးမှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက်
ထိုနောက်၊ မတွေ့ကြတော့ဘူးလား တစ်ယောက်နဲ့တစ်ယောက်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment