> သီဟသူ [dot] blogspot [dot] com: ချစ်စကား

Feb 22, 2014

ချစ်စကား

ငယ်ဘဝနှင်းများ
သီချင်းများ
ဒီကနေ ငါတစ်ခါမှ
ငါတစ်ခါမှမရ။
ပြည်တွင်းစစ်အတွင်း ရထားစီးရသလို
ရထားစီးရသလို
ဇာတ်လမ်းမှာ ဖတ်မဝအောင်ရှိ၍
ငါတို့မှာ ထောင့်တောင့်တောင့်ဖက်နမ်း၏။

ဘာကိုကြားရပါသလဲ
မြစ်ရေစီးများ၊ ရေစီးများ။

ဒီလိုကြားခဲ့ပါတယ်
ဒီလိုနားကြားလွဲမှုများ။
လွန်ခဲ့တဲ့တစ်လလောက်ကမှ
ငါအသက်ကြီးတာ ငါသိခဲ့တယ်။
သတင်းစကားကား
ဤမျှ။
အဘိုးစားနားကား
ဤမျှ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment