> သီဟသူ [dot] blogspot [dot] com: နိုင်ငံရေးကဗျာ

Feb 19, 2014

နိုင်ငံရေးကဗျာ

မင်းက ဒီလို
ငါက ဒီလို
ဟိုက ဒီလို
ဒီက ဒီလို
အပိုတွေ လျှောက်ပြော
ကဗျာက စ,ဝင်လာ။

အဲဒါကို ငါကတွေ့
အမိဖမ်းလို့ ရပါ့မလား။
မိပါ့မလားမှာ
နိုင်ငံရေးပါလာ
နိုင်ငံရေးပါလာတော့
ငါ့ကဗျာမှာ နိုင်ငံရေးပါရင်
အရင်က နိုင်ငံရေးမပါခဲ့ဘူးလား
အခုမှ နိုင်ငံရေးပါတာလား
ဟာကွာ၊ နိုင်ငံရေးပါပါ မပါပါကွာ
ငါရေးလိုက်ပါတဲ့ နိုင်ငံရေးကဗျာ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment