> သီဟသူ [dot] blogspot [dot] com: ဗိုလ်အောင်ကျော်လမ်း

Feb 11, 2014

ဗိုလ်အောင်ကျော်လမ်း

အမေရိကန် သမ္မတကြီး လင်ကွန်းလိုငါထိုင်နေခဲ့တယ်
မဟုတ်ရင် ရှေးဟောင်းလူတစ်ယောက်ပြတိုက်ထဲမှာလို
ဒါပေမဲ့ အဲသလိုဆိုလည်း
ဘာဖြစ်မှာမို့လဲ။

ပြောမယ့်သာပြောပေမယ့်
ငါထိုင်နေတာ ကော်ကုလားထိုင်ပေါ်မှာပေါ့။

ငါထိုင်နေတာ
ကော်ကုလားထိုင်ပေါ်မှာလေ။

နာဂစ်လက်ကျန် ပိတောက်ပင်ကြီးမှ ပိတောက်ရွက်တွေကြွေလို့။
ငါတို့မြို့ကျီးကန်းတွေ အိပ်တန်းဝင်ဆူလို့။
မီးပွိုင့်ဟာ နီလို့ စိမ်းလို့။
အတွင်းဝန်ရုံးဟာဆွေးလို့ လွမ်းလို့။

ကော်ကုလားထိုင်ပေါ်မှာ ငါဟာအေးရာအေးကြောင်း
မင်းနေနိုင်တယ်နော် အေးရာအေးကြောင်း။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment