> သီဟသူ [dot] blogspot [dot] com: ထိုနေ့က

Feb 12, 2014

ထိုနေ့က

စိတ်ကူးရလို့
ပျောက်နေတာ ၁ ခု ၂ ခုကို ထရှာတယ်။
တွေ့တယ်
ပြန်တွေ့တယ်
ပျောက်နေတဲ့ ၁ ခု ၂ ခုသာမက
ပြန်တွေ့တာ ၄၊ ၅၊ ၆ ခု။

ပြန်တွေ့တာ ၄၊ ၅၊ ၆ ခု။

ဒါတွေ ငါဘယ်တုန်းက ပျောက်ခဲ့တာလဲ
ငါတို့မသိဘူး ငါတို့ ဘာတွေ ဘယ်နှစ်ခု ပေျာက်နေသေးလဲ။
ပြန်တွေ့တာ
၄၊ ၅၊ ၆ ခုတောင်။

ပွတာပဲ
ဘယ်တန်ခိုးရှင်ကိုကျေးဇူးဆိုရမည်မသိ။

ဘယ်တန်ခိုးရှင် ထိုနေ့က စိတ်ကောင်းဝင်သည်မသိ။
မသိ
ငါ့မှာမသိရ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment