> သီဟသူ [dot] blogspot [dot] com: မိုးတွင်းစန္ဒရား

Feb 20, 2014

မိုးတွင်းစန္ဒရား

ငါက တစ်နေရာက
ရေဒီယိုနားထောင်နေတယ်
အစီအစဉ်တစ်ခုမှ
အခြားအစီအစဉ်တစ်ခု။

သူကတစ်နေရာမှာ
ရေဒီယိုဘေးမှာ၊ စန္ဒရားခလုတ်
အဖြူအနက် ရွှေ့တယ်
နားထောင်သူပေါ့လေ။

ငါက ဒီအတိုင်း ဒီလိုင်းပေါ်
ဒီလှိုင်းပေါ်ခုန်နေတယ်
ငါဆက်နားထောင်တယ်။

ငါတို့ပြန်ပြောကြ
ငါတို့အတူတူပြန်ပြောကြ
မိုးရွာနေတယ်။ သစ်ရွက်စိမ်းစိမ်း။
မတူခဲ့တာတွေ
တူခဲ့တယ်။ တဝေါဝေါ
ကတ္တရာလမ်းချောချော။

ကြားပါစ ငါ့အသံ
ငါ့အသံကြားပါစ။

ငါက
ရန်ကုန်ကပါ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment