> သီဟသူ [dot] blogspot [dot] com: မုန့်ကလေး ၂ ခု

Feb 28, 2014

မုန့်ကလေး ၂ ခု

တစ်နေ့လုံး လက်ကျန်
တစ်နေကုန် အငြင်းပယ်ခံထားရဟန်တူရဲ့
စမူဆာသေးသေးလေးနှစ်ခု
သနားကမား သနားစရာလေး
ငါ့ရှေ့ မုန့်ပန်းကန်ထဲမှာ
အဲဒါ သနားတာနဲ့
ဇပ်ဇပ်ဆို ငါစားပစ်လိုက်တယ်
စားပစ်လိုက်တယ်။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment