> သီဟသူ [dot] blogspot [dot] com: ငါရေးနေတဲ့အဓိပ္ပါယ်

Feb 18, 2014

ငါရေးနေတဲ့အဓိပ္ပါယ်

ခပ်လှမ်းလှမ်းမှာရှိတဲ့အဓိပ္ပာယ်က
ခပ်လှမ်းလှမ်းမှာရှိတာပေါ့လေ။

ဒါကို သူလည်းသိပြီးသား ငါလည်းသိပြီးသား
ဒါကို သူငါအားလုံးသိပြီးသား
အဲသလို သိပြီးသားကို မေးမေးနေတော့
အဲသလို မေးမေးနေတာကို ဖြေနေရတာက သပ်သပ်
အဲသလို သပ်သပ်က သပ်သပ်ဖြစ်နေတော့
သပ်သပ်ဖြေနေရတာဟာ
အဓိပ္ပာယ်ဆိုတာနဲ့ ဝေးဝေးသွားပြီး
အဲဒီဝေးဝေးသွားတာဟာ
ငါတို့နဲ့လည်း ဝေးဝေးသွားတာပေါ့။

အဲဒီမှာ ငါရေးနေတဲ့ အဓိပ္ပာယ်
ငါရေးနေတဲ့ အဓိပ္ပာယ်ကို ပြောစမ်းပါဦး
ပြောစမ်းပါဦး။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment