> သီဟသူ [dot] blogspot [dot] com: အင်းပေါ့လေ

Feb 13, 2014

အင်းပေါ့လေ

ဘာဖြစ်လို့လဲဆိုတော့
ဘာမှမဖြစ်ပါဘူး။

"မြ နဲ့ မောင် နဲ့"
"ခုမှတွေ့တာပေါ့လေ" ပေါ့လေ
"လူပါးမဝခင်တုန်းက" ပေါ့လေ။

ဘာမှမဖြစ်ပါဘူး။

အခုတော့လည်း ဒီလို
ရန်ကုန်အစ၊ မန္တလေးအစ
ငါတို့အစ
အရင်ဘဝကို ပြန်မရတော့တာကိုး။

အလကားနေ ပြန်မရတော့တာကိုး။

ဘာမှမဖြစ်ပါဘူး။

ခုတော့ ငါတို့ရဲ့ ည ၉ နာရီ မရိုးဆန်းရု့
နိုင်ငံခြားကားတွေသာပြတဲ့ ယုဇန၊ တော်ဝင်၊ SHOW DOWN
သွားကြပြီ၊ သွားကြပြီ
ဆိုကိုး။

ဘာဖြစ်လို့လဲဆိုတော့
ဖြစ်တော့ဖြစ်သွားပြီပေါ့လေ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment