> သီဟသူ [dot] blogspot [dot] com: ဘတ်စ်ကားစီးသူ

Feb 24, 2014

ဘတ်စ်ကားစီးသူ

ကလေးငယ်ဟာ ဖုန်တွေနဲ့ဆော့နေတယ်
ကလေးဟာ ပျော်နေတယ်
ဖုန်တွေကြားမှာ
ကလေးဟာ ကြည်လင်နေတယ်။

တစ်ပင်လုံးကြွေတော့မယ့် ဗန်ဒါရွက်တွေ
ကြောက်စရာကောင်းအောင်လှလို့
(အဲဒီကြွေသွားတဲ့အထဲ
ဗန်ဒါရွက်အပြင် ဘာတွေပါသေးလဲ)
ငါအံ့အားသင့်ရ။

ဖြစ်စဉ်တရား
အလှတရား
ပြိုင်တူဖူးပွင့်
ပြိုင်တူဇွင့်ဆိုနေသည့်နှယ်။

အဘိုးအိုတစ်ယောက်ဟာ စိတ်လေ
ဘတ်စ်ကားပြတင်းပေါက်ဘေး၊ ငိုင်လျက်
ငေးလျက်
သူ့သမိုင်း လူ့သမိုင်းကို ရီဝေလျက်။

ကားစောင့်၍ ငိုက်မျဉ်းအပြေ
အိမ်း၊ မှတ်တိုင်နီးပြီ
ထမှပဲ။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment