> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၅၊

Jan 17, 2014

ကပ်ဖ်ကာသို့ ၊၁၅၊

စကားလုံးတွေ ရွှေ့ရာ
ငါတို့ ရွေ့နေရ။

အလို စကားလုံးများ
ဟုတ်လှချည်လား။

ဒါကြောင့် စကားလုံးတွေ
စကားလုံးတွေ၊ စကားလုံးတွေ...။

"ငါတို့ ရှာဖွေလော့
တီထွင်လော့
တည်ဆောက်လော့
အရေးတော်ပုံ အောင်ရမည်"။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment