> သီဟသူ [dot] blogspot [dot] com: လူငယ်တစ်ယောက်အကြောင်း - ၈

Jan 31, 2014

လူငယ်တစ်ယောက်အကြောင်း - ၈

နေထိုင်ကောင်းတဲ့အရွယ်

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
ရေးထားတဲ့စာရွက်များ
ကျွန်တော့်အခန်းထဲမှာ ပြည့်ကျပ်လာတယ်၊ လျှံထွက်လာတယ်။
ကိုယ့်ကျေနပ်မှုနဲ့ ကိုယ်
မိုးခြိမ်းသံများ
ချောင်းဆိုးသံများ၊ လေတိုးသံများ
ရေကန်၊ အနက်ရောင်ငှက်တော်များ
သစ်ပင်မှာ စွန်ငြိနေဟန်
သူငယ်ချင်းများ
ကျွန်တော်တို့ ရပ်ကွက်လေးရဲ့ အသက်ဝင်မှုများ
ပိုက်ဆံမရှိသော နေ့များ
ပိုက်ဆံရဖို့လည်း မရှိသော နေ့များ
ယနေ့များကို မျှော်ကြည့်သော နေ့များ
အဲသလို ကျွန်တော့် ကဗျာများ
အဲသလို ကျွန်တော့်ကိုပါ မြင်တွေ့နိုင်ပါတယ်။

အမေပေးထားတဲ့ ကျွန်တော့် အခန်းလေးနဲ့ ကျွန်တော်ဟာ
သီးခြား ပြည့်စုံတဲ့ကမ္ဘာ ဖြစ်ပါတယ်။
ဟီးနိုးကားနဲ့ သမ္မတရုံနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

တိုင်းရင်းမေနဲ့ ဒေါင်းနွယ်ဆွေနဲ့
ခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

ကျွန်တော်နဲ့ ပုံနှိပ်စာလုံး မဖြစ်တဲ့ ကျွန်တော့် ကဗျာနဲ့
နေထိုင်ကောင်းတဲ့အချိန် ဖြစ်ပါတယ်။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

No comments:

Post a Comment