> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၄၊

Jan 6, 2014

ကပ်ဖ်ကာသို့ ၊၄၊

စာပို့သမားသာ မဟုတ်
သတင်းစာပို့သမားသာ မဟုတ်
ငါလည်း ငါ့အိမ် ငါ့လိပ်စာ ငါလိုက်ရှာရာ မတွေ့၊ မတွေ့
တယ်လီဖုန်း ခေါ်တယ်၊ ရတဲ့အခါ
"ဟယ်လို ခင်ဗျား ဘယ်သူလဲ"
ငါ မေးရတဲ့အခါ။

ကမ္ဘာပေါ်မှာ ပျောက်ဆုံးနေသူများ
ပျောက်ဆုံးနေသော လိပ်စာများ
ဘယ်ကို ခေါ်မှန်းမသိ ဖုန်းခေါ်သံများ။

မှတ်ပုံတင် ရှိရဲ့လား
ဇယားမှာ ပြည့်အောင် ဖြည့်ရဲ့လား
"MIND SCAPE ပန်းပု ပန်းချီပြပွဲ" ကြည့်ပြီးပြီလား
၂၀၁၁ နှစ်သစ် ရောက်ပြီလား။

ဟေ့လူ ကပ်ဖ်ကာ... ၊ ခင်ဗျားကို *
"မြန်မာပြည်ကို လာဖို့ ဖိတ်ခေါ်တယ်"။ ။

အောင်ချိမ့်
* မြန်မာပြည် ခရီးသွားနှစ် သီချင်းမှတစ်ပိုဒ်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment