> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၃၊

Jan 15, 2014

ကပ်ဖ်ကာသို့ ၊၁၃၊

ငါဟာ "အား မနာတတ်ဘူး" တဲ့
ပြောကြတယ်။

ဒါကြောင့် ငါ စဉ်းစားကြည့်တယ်
ငါ ဘယ်ကျွန်စျေးမှာ ကျွန် ဝယ်တုန်းက
ငါ ဘယ်ကျွန်ကို အဆစ်တောင်းဖူးလို့လဲ
ငါက "အားမနာတတ်ဘူး" ပြောရအောင်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment