> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၅၊

Jan 7, 2014

ကပ်ဖ်ကာသို့ ၊၅၊

ငါ့နောက်မှာ ဘာမျှမရှိ
"ငါ့နောက်မှာ ကျောပဲ ရှိတယ်"လို့
သူငယ်ချင်းက ထောက်ပြပါတယ်။

ကျွန်တော်က အကောင်းမြင်သမားပဲ
ကျွန်တော် ဖြေပါတယ်။
"ကျောရှိလို့ တော်သေးတာပေါ့"
(ဖြေပါတယ် ဆိုတာ အဓိပ္ပာယ် နှစ်မျိုးပါ)
စကား အဖြေကော
ဖြေသာတာကော။

ဇာတ်လမ်းများကား
အဆန်းသားကလား
အဖျား ရှူးခဲ့သလို
အဖျား ကားသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သူငယ်ချင်းက ထပ်ပြောပါတယ်။
"အကြံကောင်းရင် တစ်ချက်ပဲ"။

ကျွန်တော်က ဆက်ပြောပါတယ်။
"အကြံ မကောင်းရင်လည်း တစ်ချက်ပါပဲ"။

ကျွန်တော်က အကောင်းမြင်သမားပဲ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment