> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၂၁၊

Jan 23, 2014

ကပ်ဖ်ကာသို့ ၊၂၁၊

ကပ်ဖ်ကာ...
ငါဟာ မဖွံ့ဖြိုးသော အာရှနိုင်ငံတစ်ခုမှ
ကဗျာဆရာတစ်ယောက်ပါ။

တစ်ယောက်ယောက်ကို ယူကျုံးမရ ချစ်ခဲ့ပြီး
တုံ့ပြန်မှု မရခဲ့သူ
နာကျင်ခဲ့သူ
အပြစ်ဖြစ်ခဲ့သူပါ။
ခင်ဗျားကို ကျွန်တော် နည်းနည်းသိပါတယ်
ကျွန်တော့်ကို ခင်ဗျား လုံးဝ မသိပါဘူး။

နည်းနည်း သိသူက
လုံးလုံး မသိသူထံ
အသံပြုတဲ့ကဗျာပါ ကပ်ဖ်ကာ။

စိတ်ချမ်းသာပါစေ
ဘိုင့် ဘိုင်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment