> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၂၊

Jan 4, 2014

ကပ်ဖ်ကာသို့ ၊၂၊

ဟိုး ၊ ကျွန်တော်တို့ ငယ်ငယ်မှာ
အများပြည်သူ သုံး အိပ်သာများမှာ
အိမ်သာစာများ ဖတ်ရလေ့ ရှိပါတယ်။
(အဲဒီထဲမှာပဲ မှတ်သားရာ
စာကြောင်းများလည်း တွေ့နိုင်ပါတယ်၊ မှတ်တမ်းပြုထားတဲ့
ဆောင်းပါးတစ်ပုဒ် တက္ကသိုလ်မဂ္ဂဇင်း တစ်စောင်မှာ
ဖတ်ဖူးပါတယ်)

ကျွန်တော် မှတ်မိတဲ့ စာတစ်ကြောင်းကာ
"ဘဝင်မ မမြင့်နဲ့ မိတ်ဆွေ
ဒီနေရာရောက်ရင် လူတိုင်း
ဖင်လှန်ရတာပဲ....." တဲ့။

ထို စာကြောင်း
၄င်း စာကြောင်း တစ်ကြောင်း။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment