> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၆၊

Jan 8, 2014

ကပ်ဖ်ကာသို့ ၊၆၊

"လူပေါတွေ ကတဲ့ပြဇာတ်ကို
ကြေးကြီးကြီးပေး ကြည့်ရတယ် ဟုတ်လား
သိရက်ကြီးနဲ့ ငါ့ကို ရိပ် စောင်း ပြောနေတာ မဟုတ်လား
အဲဒီပြဇာတ်မှာ ငါ ပါတယ်ကွ.."

ရှေ့နားခုံမှာ အမည်မသိ လူနှစ်ဦး
စကားငြိနေကြပုံ၊ ကြုံခဲ့ရကြောင်း
သပ္ပုရိသအပေါင်း
သူတော်ကောင်း...တို့
သာဓု၊ သာဓု
သာဓု။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment