> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၃၊

Jan 5, 2014

ကပ်ဖ်ကာသို့ ၊၃၊

နွေရာသီပန်းတွေလို
အပွင့်စုံ အရောင်စုံ
လူငယ်လူရွယ်တွေ ဆံပင်အရောင်စုံ
ခေတ်ကြီးလို အရောင်စုံ
လှလည်း လှပ
ငယ်ရွယ်မှုကိုလည်း ပိုဖော်ပြ။

အဲဒါနဲ့၊ ခင်ဗျား
ဆံပင်ရောင်စုံ ဆိုး မလို့လား

မရူးလေနဲ့
ရူးသွားမယ်၊
ဆိုးချင်လျှင်..
အဖြူသာ ဆိုး။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment