> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၀၊

Jan 1, 2014

ကပ်ဖ်ကာသို့ ၊၀၊

ရေနွေးကြမ်း
ကမ်းခဲ့တယ်။

ဆေးလိပ်မီး တောင်းတုံးကလည်း
ဆေးလိပ်မီးပေးခဲ့တယ်။

ဗိုက်က ဆာတယ်။

လုပ်ဦးမှာ ရှိသေးတယ်။

စိတ်မပါဘဲ စကားဆုံနေရတယ်။

ပြီးနေပြီလေ
မပြီးသေးဘူးလား။ ။

အောင်ချိမ့်
(စက်တင်ဘာ ၂၀၀၈၊ သရဖူမဂ္ဂဇင်းမှာ အခြားခေါင်းစဉ်ဖြင့် ဖော်ပြပါရှိခဲ့)

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment