> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၄၊

Jan 16, 2014

ကပ်ဖ်ကာသို့ ၊၁၄၊

အပျင်းပြေပေါ့
ဖဲကစားပါတယ်
စိတ်ဝင်စားမှု နွေးနေရန်
ငွေကြေးနည်းနည်း ထည့်ကစားပါတယ်။

အရှုံးအနိုင်ငွေကြေး အဓိကမဟုတ်ပါ
အပျင်းပြေရန်သာ။

မေတ္တာရပ်ခံပါတယ်
ဖဲတော့ လိမ် မရိုက်နဲ့ပေါ့
မကောင်းဘူးပေါ့ဗျာ
ဖဲရိုက်ရတဲ့အရသာ ပျက်ပါတယ်။

လေးနက်စွာ
မေတ္တာရပ်ခံပါတယ်။

ဖဲတော့ လိမ် မရိုက်နဲ့ပေါ့ဗျာ။

တစ်ခါတလေ
စိတ် ဖြောင့်ဖြောင့် ကစားရအောင်လေ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment