> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၈၊

Jan 10, 2014

ကပ်ဖ်ကာသို့ ၊၈၊

ရိုဒင်ရဲ့ "စဉ်းစားသူ" ပန်းပုရုပ်လို
သူစဉ်းစားနေတာ ...တဲ့
လူတစ်ယောက်ဟာ။

အဲဒီ ပန်းပုရုပ်လို ဝစ်လစ်စလစ် ထိုင်လို့
အဲဒီ ပန်းပုရုပ်လို မေးထောက်လို့။

တူတာတော့ တူပါတယ်
တကယ်တူပါတယ်။

ဘာကြီး စဉ်းစားနေမှန်းတော့ ငါမသိ
နောဇာနာမိ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment