> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၊

Jan 3, 2014

ကပ်ဖ်ကာသို့ ၊၁၊

ရက်ပ်ပါတွေ နဘေ နှက်သလို
ငါဟာလည်း နဘေ နှက်ခဲ့တယ်။

မမိုက်ဖူး
မခိုက်ဘူး
မဟန်ဘူး
မလန်ဘူး

အဲဒီ ငါ့ နဘေက။ ဥပမာ...
အဲဒီကောင်ကို ငါကြည့်မရပါဘူး ဆိုကာမှ
အဲဒီကောင်မှာ အမြွှာ ညီအကို ရှိနေပြီး
အဲဒီ အမြွှာ ညီအကို နှစ်ယောက်
လမ်းတွဲလျှောက်လာတာကို
အဲဒီမှာ ငါ ပက်ပင်းတိုးရသလိုမျိုး။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment