> သီဟသူ [dot] blogspot [dot] com: လူငယ်တစ်ယောက်အကြောင်း - ၁

Jan 24, 2014

လူငယ်တစ်ယောက်အကြောင်း - ၁

မဖတ်လောက်တဲ့ ကဗျာ

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။
စက်ဘီးစီး တတ်ခဲ့တယ်။
သင်္ကြန်မှာ အော်တယ်။

ကဗျာတွေ တအားရေးတယ်
စာအုပ်တွေ အများကြီး ဖတ်တယ်
ပန်းသီးလည်း ချိုတယ်
ကြက်ဟင်းခါးသီးလည်း ချိုတယ်
ကောင်းကင်ကြီးက လှတယ်
မြေကြီးပေါ်မှာ လမ်းလျှောက်တယ်
ငြိမ်းချမ်းရေး၊ လက်ဝဲ၊ လက်ယာ၊ ဘဝ
ကျွန်တော် ဖတ်တာပေါ့၊ ကျွန်တော် သိခဲ့ပေါ့။

အမေနဲ့ အမေပမာ အစ်မကြီး
ကျွန်တော့်ကို အလိုလိုက်ခဲ့
လက်ဖက်ရည်ကြိုက်ပြီး လက်ဖက်ရည် သောက်တယ်
တမေ့တမော ထိုင်တယ်
'ငါ၏ကဗျာ၊ ငါ့ဘာသာရေး
ဘာဖြစ်သေးလဲ' ခေတ်ကပေါ့။

ပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး
ကျွန်တော်လည်း အဲဒီ ကျွန်တော် မဟုတ်တော့ပါဘူး
မိတ်ဆွေ၊ ဒီကဗျာကို မဖတ်ပါနဲ့
ဒီကဗျာ ဖတ်လောက်လို့လား။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

No comments:

Post a Comment