> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၉၊

Jan 11, 2014

ကပ်ဖ်ကာသို့ ၊၉၊

ငါ့ထက် အပုံကြီးသာတဲ့ရည်းစား ရလို့တဲ့
ငါ့ကို လာ မော်ကြွားတယ်
 မယ်မင်းကြီးမက။

အေးလေ၊ ဝမ်းသာပါတယ်။

"မိဘအသိုင်းအဝိုင်း တောင့်တယ်
ချမ်းသာတယ်၊ ရုပ်ချောတယ်
ယောက်ျား ပီသတယ်..."တဲ့
ငါက အေးအေးဆေးဆေးပဲ၊ လူသေကောင်လို
ငါက လူသေကောင်လို အေးအေးဆေးဆေးပဲ။

"နင့်ကောင်
ငါ့လို ကဗျာရေးတတ်ရင်
ခက်မယ်"

အေး၊ ခက်မယ်။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment