> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၉၊

Jan 21, 2014

ကပ်ဖ်ကာသို့ ၊၁၉၊

အတုံးလှလှ အမြင်လှလှ အသားတုံးကြီး
ဇတ်ခနဲ အပိုင် ခပ်ယူလိုက်ပြီး
ထမင်းပန်းကန်ထဲ လက်နဲ့ ကိုင်မိမှ
အလိုလေး၊ ကြက်လည်ချောင်းရိုးကြီး။

ဖြစ်ရလေနှယ်
ငါ့လက်ထဲရောက်ခဲ့ ကြက်လည်ချောင်းရိုးကြီး။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment