> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၁၁၊

Jan 13, 2014

ကပ်ဖ်ကာသို့ ၊၁၁၊

ဒီ ဘောလုံးနည်းပြ ဆရာဟာ
လူတိုင်းကို သူ့ဘောလုံးအသင်းသားလို့ ထင်နေတာ။

ဒီလို ကန်
ဒီလို နေ၊ ဒီလို ပြေး
ဒီလို ကစား
ဒီလို နား...တဲ့။

အမိန့်ပေးနေသလိုလို
ဘာလိုလို။

သွားစမ်းပါ
ငါက ဘောလုံးဝါသနာပါတဲ့ကောင် မဟုတ်ဘူး...
ကွ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment