> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၇၊

Jan 9, 2014

ကပ်ဖ်ကာသို့ ၊၇၊


လမ်းဆုံးရင် ရွာတွေ့တာ
ဆင်သွားရင် လမ်းဖြစ်တာ
ကြွေးတင်ရင် ရှင်ဘုရင် ဆပ်တာ
ထန်းသီးကြွေခိုက် ကျီးနင်းတာ
ကြက်ကန်း ဆန်အိုး တိုးတာ
ငကန်းသေ ငစွေ ပေါ်တာ။

ဒီလို စကားအဟောင်းတွေ ကျွန်တော် စီရေးပြတော့
ကျွန်တော့်ကို စိတ်မဆိုးပါနဲ့
ကျွန်တော့်အနေနဲ့
ကျွန်တော် အားတက်မိလို့ပါ။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment