> သီဟသူ [dot] blogspot [dot] com: ကပ်ဖ်ကာသို့ ၊၂၀၊

Jan 22, 2014

ကပ်ဖ်ကာသို့ ၊၂၀၊

ပျော်ခဲ့သလား
မပျော်ခဲ့ဘူးလား
ဒီလိုဆို
အရက်ကောင်း သောက်ရာမှ
အရက်ညံ့ သောက်ရသလို
အရက်ညံ့ သောက်ရာမှ
အရက်ကောင်း သောက်ရသလို
ရှောင်လွှဲလို့ မရခဲ့
ဘဝဆိုတာ အဲသလိုရှိခဲ့။

ခါးတာ ချိုတာ
ပြင်းတာ၊ ပျော့တာ
မူးတာ၊ မမူးတာ
"အင်း" တာ "ဟင့်အင်း" တာ
ဒါပဲ မဟုတ်လား
ဒါပဲ မဟုတ်လား။ ။

အောင်ချိမ့်

ကပ်ဖ်ကာသို့ - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ မေလ
အညာသားယဉ်ကျေးမှုစာစဉ်၊၂၊

No comments:

Post a Comment