> သီဟသူ [dot] blogspot [dot] com: စနေ နေ့တစ်ဝက် (၁၃)

Apr 1, 2012

စနေ နေ့တစ်ဝက် (၁၃)


ပထမဆုံးမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်ဘူး
ထုံထိုင်းနေတဲ့ အာရုံတွေအတွက် ကော်ဖီ တစ်ခွက်ပြီးတစ်ခွက်
ပြင်မဆုံးနိုင်တဲ့ စာသားတွေအတွက် စာရွက် တစ်ရွက်ပြီးတစ်ရွက်
စည်းချက်မမှန်တဲ့ နာရီလက်တံမြည်သံ တချက်     ပြီး     တချက်
လျှော့ချထားလိုက်တဲ့ မျှော်လင့်ခြင်းများ၊
လျှော့မရသေးတဲ့ မာန်မာနနဲ့
လွန်မှရတဲ့ လူမိုက် နောင်တ၊
ဘယ်တော့များမှ ပြီးမလဲ
ထပ်ကျော့ပြီးရင်း ကျော့နေတဲ့ အိမ်လွမ်းတေးတစ်ပုဒ်နဲ့
ငါ့ရဲ့ စနေနေ့တစ်ဝက်တွေ
ပထမဆုံးမဟုတ်သလို
နောက်ဆုံးလည်းမဟုတ်သေးဘူး

သီဟသူ
၁၊ ၀၄၊ ၂၀၁၂

No comments:

Post a Comment