> သီဟသူ [dot] blogspot [dot] com: လက်ပစ်ကူးခြင်း

Apr 21, 2012

လက်ပစ်ကူးခြင်း


ချစ်သူ့ အပြုံးများအား မြင်နိုင်ရန်
ကျွန်တော်သည် အသက်အောင့်ထားပါသည်

ခရီးမတွင်သော
ရေခဲမြစ် ရေခဲပင်လယ်ထဲမှာ မဟုတ်ပါ
ထစ်နေသော
ရှေ့ဆက်မဖတ်သော ဒီဗီဒီဇာတ်လမ်းထဲမှာ မဟုတ်ပါ
လက်ပစ်ကူးနေရသော
မဟာသမုဒ္ဒရာထဲမှာ မဟုတ်ပါ

ချစ်သော...
ချစ်သော ကမ္ဘာမြေပေါ်မှာ

သုခမိန်လှိုင်
Idea, September 2010

No comments:

Post a Comment