> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၃

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၃


နောက်တစ်ခုရှိသေးတယ်
ပြောလိုက်လေ
ဒီနေ့ အတည်သမားတွေ ဂန့်နေတာ
လိပ်ပြာလှတာ ကိုယ့်လမ်းထဲမှာမရှိလို့
သူများရပ်ကွပ်ထဲ သွားကြည့်ရတာ
ချာလီရဲ့ ချောကလက်စက်ရုံကြီး
နေကာလို့လည်းရ
အိုက်ရင် ယပ်ခတ်လို့လည်းရ
အပျင်းလည်းပြေ အရင်းလည်းကြေ
သတ္တုကို စုဆောင်းရမည့်အစား
သတ္တုအကြောင်း နားလည်ဖို့နဲ့ ဒီအကြောင်းကို ရှင်းပြနေရတာ
ကဗျာကျော်စားဖိုမှူးကြီးများလက်ရာနဲ့
သင့်ရဲ့လျှာ တွေ့နေပါပြီ
ထိုမြို့ကို မောင်ချာနွယ်မြို့ဟာ ခေါ်ပါသည်
အချိန်နှင့် တစ်ပြေးညီ
ငါ မရေးသားမီ သင်ဖတ်ပြီးပြီဆိုတဲ့အကြောင်း။

စိုင်းဝင်းမြင့်

No comments:

Post a Comment