> သီဟသူ [dot] blogspot [dot] com: ဂီတ-၃

Apr 6, 2012

ဂီတ-၃


ဒီလိုညနေခင်းမှာ
မင်း နာမည်လေး သိခဲ့သူဆိုရင်လည်း
သြော်... ဘယ်သူရယ်လို့
ငါလေ ရွတ်ဆိုမိဦးမယ်
သစ်တစ်ပင်မှာ
ချစ်ခြင်းကို ထွင်းမိဦးမယ်။

ဒီလိုညနေခင်းမှာ
မင်းသာ အဝေးပြေးတွေးတတ်မယ်ဆိုရင်ပေါ့
ငါဟာ တမြေ့မြေ့ အောက်မေ့ခြင်း စွန်တစ်ကောင်
မင်းဆောင်ထားတဲ့ဓားမှာ စွဲလောင်လို့
မင်းတို့မြို့လေးမှာလည်း
ကိုယ့်အကြောင်း ဖွင့်ပြောမယ်ဆိုတဲ့ တိမ်တစ်စ...
လူတိုင်းအလွတ်ရကြမှာပဲ။

 စိုင်းဝင်းမြင့်

No comments:

Post a Comment