> သီဟသူ [dot] blogspot [dot] com: ဂီတ-၂

Apr 6, 2012

ဂီတ-၂


ဟိုဖက်ကမ်း ဒီဖက်ကမ်း
ကိုယ့်အလွမ်းနဲ့ တံတားထိုးထားတယ်။

ဓါတ်ပုံထဲက အင်္ကျီလက်တစ်စ
တဖျပ်ဖျပ်ခါ
ဖြတ်ပျံသွားတဲ့ ငှက်တစ်ကောင်မှာ
မင်းလောင်ကျွမ်းမှု အတောင်ပံတပ်လိုက်။

အမည်ပေးမထား
၃၆၅ ရက် အသေ
ပင်လယ်အငွေ့အသက်
နာရီစက် တမြေ့မြေ့လှိုက်စား

ရွှေဖြစ်သွားအောင် အလှမ်းဝေးနေတာလား
မျက်နှာပေါ် မလွတ်တမ်း ဖြတ်ထိုးနေတဲ့ နေရောင်နဲ့
ငါလာခဲ့တော့မယ်။

စိုင်းဝင်းမြင့်
စတိုင်သစ်၊ မတ်၊ ၂၀၀၁။

No comments:

Post a Comment