> သီဟသူ [dot] blogspot [dot] com: သူစိမ်း -၁၂

Apr 6, 2012

သူစိမ်း -၁၂


လူလူချင်း ထိခတ်ရုံဖြင့်
အပျော်ကူးစက်ပမလား။

မြင့်တက်သွဦးတဲ့ ချားရဟတ်တစ်ခုလို
ငြီးငွေ့မှုက တစ်ပတ်ပြန်ကျပေါ့။

မင်းမဖြတ်ခဲ့တဲ့ ပွဲတော်လက်မှတ်ထက်စာရင်
နောက်ထပ်သူစိမ်းတစ်ပုဒ်က အသက်ဝင်မယ်။

ငါလေ
ဝင်နေတဲ့ အဖျားသွေးနဲ့ လူအပြတ်ဆုံးလမ်းကလေး
အလွမ်းအဆွေးဖြင့် ရွေးလျောက်ခဲ့တယ်။

စိုင်းဝင်းမြင့်
၂၀၀၁

No comments:

Post a Comment