နေမပွင့်ခင်
ပွင့်မိတဲ့စိတ်ကူး
နေပွင့်တော့
နောက်ဖေးက ချောင်းထဲ
မျှောချခဲ့ရတယ်။
အိမ်ဘေးက
မြေအလွတ်မှာ
ဘာအပင်မှ
မစိုက်မိခဲ့တဲ့ လူလွတ်တစ်ယောက်
အိမ်အမိုးကောင်းကင်
အလွတ်မှာလည်း
စွန်တစ်ကောင်မှ
လွှတ်မတင်နိုင်ခဲ့ဘူး။
အနုပညာကို
ခူးဆွတ်နေရတာက
တစ်ပူးကင်းပူးလေးနဲ့
ရူးသွပ်နေရသလို
အိုင်နေတဲ့ရေ
ပက်ထုတ်ရဦးမယ်။
ရွာလမ်းမအဆုံးမှာ
ခြေထောက်တွေ
မဆုံးနိုင်ခဲ့တော့
ရေမျောကမ်းတင်
ခုတ်သားတစ်စ
ငါ့ရဲ့ညက
သယ်လာတယ်။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment