မိုးက
နေ့စဉ်ရက်ဆက် ရက်စက်
ငါတို့လည်း
ဆက်၍ ဆက်၍ ဆက်၍သာ
လမ်းစကိုဖော်သလိုလိုနဲ့
လွမ်းစကိုဖော်
ငါ့အတွင်းထဲ
ကြေကွဲဖွယ်ပြန်ဆုံ
သူတို့အဖေပြန်လာတဲ့အခါ
တစ်ခုခုပါမှာပဲ
အိတ်ကိုဆွဲယူဖွင့်
ပန်းတွေပွင့်နေတာ
မိုးရွာရင်
မိုးရေချိုးမယ် ဖေဖေလာရင်
မိုးချုပ်မယ်
အိမ်ကိုစောစောပြန်
သမီးလေးတွေကို စောစောချီ
သမီးငယ်လေးဟာ
ဟိုထိုးသည်ထိုး လက်ညှိုးပဲ
လမ်း
လမ်း လမ်း လမ်း နေ့နေ့ညည
လမ်းပြနေတာ
တစ်နှစ်ပဲကွာတဲ့
သမီးကြီးက
ပါးစပ်ထဲ
ရှိတာအော် မုန့် မုန့် မုန့်
မုန့်
အိုအိုး
အိုအိုး တစ်ခုမရ တစ်ခုလှည့်အော်
နာကျင်တဲ့အခါလည်း
ရယ်မောဖို့ နောက်မကျသူတွေပါပဲ
မိသားစုအရေးဟာ
အရာရာပဲလေ
ဘာမြင်သလဲဆိုတော့
ဘဝပဲ
ပျော်စရာမကောင်းဘူးလား။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment