> သီဟသူ [dot] blogspot [dot] com: သူစိမ်း -၇

Apr 6, 2012

သူစိမ်း -၇


ညနေငြိမ်းတာတောင်
စိတ်က မငြိမ်းသေးဘူး။

ကိုယ့်ခေါင်းပေါ်က တိမ်တစ်စ
ဘယ်သွားရမှန်း မသိဘူးလား။

အသက်အချိတ်အဆက်မှာ
ကိုယ့်အရိပ်က လခြမ်းထမ်းထားရသေး။

အလွမ်းအဆွေးများနဲ့ ဆည်းဆာ
ခရီးအကွာအဝေးကို တွက်ချက်မိပြန်တယ်။

စိုင်းဝင်းမြင့်

No comments:

Post a Comment