> သီဟသူ [dot] blogspot [dot] com: ဂီတ

Apr 6, 2012

ဂီတ


တစ်ညနေခင်းလုံး
လွမ်းဆွတ်ငေးဆွတ်မှ
ဖျတ်ခနဲ အရိပ်ကလေး
ဒင်းက ပေးတယ်

ငါ့စိတ်ကို ဖောက်ထုတ်ပစ်လိုက်တဲ့ ပြတင်းပေါက်လေ
တစ်ဖက်မှာ
တရိပ်ရိပ်မိုးသားများ
တစ်ဖက်မှာ
အစိတ်စိတ်အမြွှာမြွှာ အနမ်းများ

အသံပေးခဲ့တာ မဟုတ်ဘူး
သွေးသံတရဲရဲ ချစ်သူနှစ်ဦး
ညတစ်ညရဲ့ အစမှာတစ်ဘဝစီ
ပြိုင်တူကျွမ်းမိပုံကိုက
အသံထွက်နေတာ။

စိုင်းဝင်းမြင့်

No comments:

Post a Comment