> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၂

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၂


တစ်နေ့သေမယ့်အတူတူ ဘယ်နေ့သေသေပေါ့
တိုင်းကျော် ပြည်ကျော်တွေ လမ်းပေါ်ပြည့်လို့

ဟောဒီမှာ မင်းလမ်းလျှောက်တုတ် ကျန်ခဲ့တယ်
စာအုပ်ထဲ နွားရုပ် ဆွဲထည့်တယ်

ပန်းချီကားတစ်ချပ်ဟာ သည်လောက်ကြီးဖို့လိုသလား
လောထရက်*ရယ်
မြို့ကိုဖျက်ပြီး အပြင်ကိုထုတ်ယူရတယ်
လူငယ်ဘဝနဲ့ ဆက်စပ်တာလေးတွေ
တစ်ခုပြီးတစ်ခု ပြုတ်ထွက်နေတယ်

တကယ့်လူရွှင်တော်တွေ
တကယ့်ကဗျာတွေ
သူသေ ကိုယ်သေ
အရှိန်နဲ့ ပြေးဝင်လာတဲ့ ဘဝအကြောင်း

ကဗျာရဲ့ ကကြီး ခခွေးပဲ
သူ့လက်ထဲက မုန့်လေးဟာ
လှလို့ ဝယ်ထားတာ။

*Toulouse Lautrec
၁၈၆၄-၁၉၀၁

စိုင်းဝင်းမြင့်

No comments:

Post a Comment