ခြင်ထောင်ကြိုးဖြည်ချရင်း
လူတစ်ယောက်
ဘယ်လိုဖြည်ချရမယ်ဆိုတာ
ရေကျတော့မယ်ဆိုတဲ့
အတွေးနဲ့
အိမ်တံစက်မြိတ်ရောက်အောင်
တိုးလာတဲ့သွေးနဲ့။
နေ့လယ်နေ့ခင်း
ကိုယ့်အရိပ်ကိုပဲ
ကိုယ်ပြန်နင်းမိတယ်
ငါ့ခြေထောက်တွေကလည်း
လျှောက်မယ်ဆိုတာချည်းပဲ။
ဆံပင်တွေနဲ့ရှို့လို့
တစ်မြို့လုံးကူးစက်
မျက်ရည်လက်မှတ်
ဘယ်လိုဖြတ်လိုက်ရမယ်
အသက်ဇီဝ
ဘယ်နေရာက စလိုက်ရမယ်။
ဘယ်လို
အဆက်အစပ်ရှိသလဲဆိုတော့
ဘဝတစ်ပါး
နေကြာပန်းများနဲ့
တုန်ယင်မှုဟာ
ငယ်နာမည်။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment