အိပ်တန်းပြန်
ငှက်တစ်အုပ်က
ကိုယ့်အသက်ကို
နုတ်ယူတော့မယ်။
ရုပ်ချည်းပဲ
ကျန်ခဲ့ရသူကိုယ့်မှာ
ဝင်နေတဲ့နေကို
ကျောပေးလိုက်ရ။
ချည်ချော်တစ်စလို
ထစ်အခဲ့တဲ့
ချစ်ခြင်းမေတ္တာ
ထမီခါ
ဖုန်ခါ ထွက်ခွာသွားတဲ့
တစ်ခါတုန်းက
သူမ မျက်နှာ။
ကိုယ့်မှာ
စိတ်တစ်စ
ဘဝတစ်စ
လွှတ်ချမိတဲ့
အလွမ်းက
ဖျပ်ဖျပ်လူး
လွှတ်တင်မိတဲ့
စွန်က
လေမိ
မြစ်ထဲမှာလည်း
လှေနဲ့
ရေနဲ့ ငြိနေမယ်။
အချစ်ရယ်.,.
ကိုယ့်အသံကိုမှ
ကိုယ်ပြန်မစမ်းနိုင်တော့
ကိုယ့်စိတ်
မြေမခအောင်
ကိုယ့်ခြေနဲ့
တော့တော့ပေးနရပေါ့ကွယ်။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment