ရာသီဥတုက
ငါ့အသက်ကိုလုတယ်။
ငါ့မှာ
ရင်ဘတ်ဓားတန်းလန်းကြီးနဲ့
ဘဝနဲ့ဝေးရာ
ငေးငေးနေရ
ဘဝနဲ့ဝေးရာ
လွမ်းလွမ်းနေရ။
ငါ့ကိုရတဲ့
အနုပညာကြမ်းရှရှမှာ
ငါ့အသားမဲရ
ငါ့ဖိနပ်ပါးရ
ငါ့အဆုတ်နာရ။
အဆင်မပြေတဲ့
သူငယ်ချင်းက
ငါ့ဆီလာတယ်။
အဆင်ပြေတဲ့
သူငယ်ချင်းဆီ
ငါကသွားတယ်။
ငါသောက်တဲ့
လက်ဖက်ရည်
စားပွဲထိုး
အလွတ်မရဘူး။
ငါမသောက်တဲ့
"ပြန်ဆိုတေး"
ဆိုင်ရှင်
အလွတ်မရဘူး။
မနေ့က
နေ့သွင်းပြည့်တယ်
မွေးနေ့ဆိုလား
ငါမတွေးချင်ယောင်ဆောင်ခဲ့တာ။ ။
စိုင်းဝင်းမြင့်
ရနံ့သစ်။
စက်တင်ဘာ။ ၂၀၀၀။
No comments:
Post a Comment