မနက်မိုးလင်းတာနဲ့
ကိုယ့်အသက်ကို
ကိုယ်ပြန်စမ်းနေရ။
လက်ဖက်ရည်တစ်ခွက်ရဖို့
ကိုယ့်ကြမ်းတမ်းမှုကို
ပြရ
စားပွဲထိုးက
ခေါ်မကြားအော်မကြား
"ဟေ့ကောင်
ဒီမှာ
မီးသေနေပြီ"
ဘဝသေတစ်ခု
မျက်နှာသေတစ်ခု
လင်စိတ်
သားစိတ် ကုန်ခမ်းနေလေရဲ့
ငါ့တုန်လှုပ်ချောက်ချားမှုကို
ဖောက်ခွဲပစ်လိုက်တယ်။
လမ်းဘေးစာတိုက်ပုံးနဲ့
လမ်းဘေးခွေးခြေတစ်လုံး
ငေါင်စင်းစင်းမျက်နှာချင်းဆိုင်
အခုထိ
စာတစ်စောင်မှ မထည့်နိုင်သေး။
ပြန်ဆိုတေးမဖြစ်တဲ့
နေ့တစ်နေ့ဟာ
သီချင်းအသစ်လည်း
မဖြစ်
ချစ်မေတ္တာမဲ့
တစ်နံတစ်လျားမှာ
အသံဆိုတာလည်း
မရှိတော့ပြီ။ ။
စိုင်းဝင်းမြင့်
သရဖူ၊
မတ်၊ ၂၀၀၁။
No comments:
Post a Comment