ကျွန်တော် ပလက်ဖောင်းဘေးကို ဆင်းလိုက်တယ်။ ခြေလှမ်း နည်းနည်း နောက်ဆုတ်ပြီး မော့ကြည့်တယ်။ လမ်းလယ်ခေါင်ကနေပြီး၊ လက်နှစ်ဖက် အသံချဲ့စက်အော်လံလို ပါးစပ်နားတပ်၊ (ရှေ့က) တိုက်တန်းအပေါ်ဆုံး အခန်း တွေဆီ (လှမ်း) အော်ခေါ်လိုက်တယ်.. "ထရီဇာ"။
ကျွန်တော့်အရိပ်က
လမင်းကို လန့်ပြီး ကျွန်တော့်
ခြေထောက်ကြား တိုးဝင်သွားတယ်။
တစ်ယောက်ယောက် လာနေတယ်။
ကျွန်တော် တစ်ခါ ထပ်အော်တယ်။
"ထရီကဇာ"။
အဲဒီလူက ကျွန်တော်ဆီလာပြီး
ပြောတယ်။ "ခင်ဗျား
ဒီထက်ပိုမအော်ရင် သူကြားမှာ
မဟုတ်ဘူး။ ကျွန်တော်တို့
ကြိုးစားကြည့်ရအောင်။
ဒါ့ကြောင့် သုံးအထိရေ၊
သုံးရောက်ရင် ကျွန်တော်တို့
ပြိုင်တူ အော်ရအောင်"။
နောက် သူကရေတယ်။ "တစ်
နှစ် သုံး" ကျွန်တော်တို့
နှစ်ယောက်လုံး အော် လိုက်ကြတယ်။
"ထ.. ရီ..
ဇာ"။
ဇာတ်ပွဲကလား
လက်ဘက်ရည်ဆိုင်ကလား ပြန်လာတဲ့
သူငယ်ချင်းတစ်စု အပြန်လမ်းမှာ
ကျွန်တော်တို့ အော်နေကြတာ
တွေ့သွားတယ်။ "ဟုတ်ပြီ၊
ငါတို့လည်း အော်ပေးမယ်"လို့
သူတို့က ပြောတယ်။ လမ်းလယ်ခေါင်မှာ
ကျွန်တော်တို့နဲ့ ပေါင်းလိုက်ကြတယ်။
ပထမလူက တစ်နှစ်သုံးရေပြီး
အားလုံး အော်ခေါ်လိုက်ကြတယ်။
“ထ..
ရီ.. ဇာ"။
လူတစ်ချို့
ထပ်လာတယ်။ ကျွန်တော်တို့နဲ့
လာပေါင်းတယ်။ ဆယ့်ငါးမိနစ်လောက်
အတွင်းမှာ ကျွန်တော်တို့
အုပ်စုက လူနှစ်ဆယ်လောက်
ဖြစ်လာပြီ။ လူသစ်တွေ မကြာခဏ
ထပ်ရောက်လာကြတယ်။
တစ်ချိန်တည်း
(တစ်ပြိုင်နက်)
ကောင်းကောင်းအော်နိုင်ဖို့
စည်းရုံးရတာ သိပ်မလွယ်ဘူး။
တစ်ယောက်ယောက်က သုံးလို့
မရေရခင်အော်တယ်။ (တစ်ချို့က)
အရှည်ကြီးဆွဲအော်တယ်။
ဒါပေမယ့် နောက်ဆုံးမှာတော့
အတော်အသင့် အဆင်ပြေအောင်
အောနိုင်ပါတယ်။ ကျွန်တော်တို့
ဒီလိုသဘောတူသတ်မှတ်ကြတယ်။
'ထ' ကို
အသံနှိမ့်ပြီး ရှည်ရှည်အော်၊
'ရီ' ကို
အသံမြှင့်ပြီး ရှည်ရှည်အော်၊
'ဇာ' ကို
အသံနှိမ့်ပြီး တိုတိုပြတ်ပြတ်အော်။
သိပ်ဟုတ်သွားတယ်။ မကြာခဏ
တစ်ယောက်ယောက် ထွက်သွားရင်
နည်းနည်းပူညံပူညံ ဖြစ်ရုံလောက်ပါပဲ။'
ကျွန်တော်တို့
အဆင်ပြေစ ပြုနေပြီ။ တစ်ယောက်ယောက်၊
သူ့အသံနဲ့လိုက်အောင် ဆိုရင်တော့၊
မျက်နှာမှာ မှည့်ခြောက်တွေရှိလိမ့်မယ်ထင်တဲ့
လူတစ်ယောက်က မေးတယ်။ "သူ
အိမ်မှာရှိတယ်ဆိုတာ
ခင်ဗျားသေချာရဲ့လား"။
"ဟင့်အင်း"
ကျွန်တော်က ဖြေတယ်။
"ဟန်မကျဘူး"
နောက်တစ်ယောက်က
ပြောတယ်။ "မင်း(အခန်း)သော့
မေ့ခဲ့လို့လား၊ ဟုတ်လား"
"တကယ်တော့၊
ငါ့သော့ငါ့မှာရှိပါတယ်"
"ဒါဖြင့်၊
မင့်ဟာမင်း တက်သွားပါလား"
"အို၊
ငါ အဲဒီ(အခန်း)"
မှာမနေဘူး၊
မြို့ဟိုဘက်ခြမ်းမှာနေတာ"
"ဟုတ်ပါပြီကွာ၊
ဒါဖြင့် ငါစပ်စုတာလေး
ခွင့်ပြုပါဦး" မှည့်ခြောက်တွေ
အပြည့်နဲ့ အသံက အသေအချာမေးတယ်။
"အဲဒီမှာ
ဘယ်သူနေသလဲ"။
"တကယ်တမ်း
ငါလည်း မသိဘူး"
လူတွေ
အတော်စိတ်ပျက်သွဦးပြပုံပဲ။
"ဒါဖြင့်
တဆိတ်ရှင်းစမ်းပါဦး"
သွားခေါခေါနဲ့
လူတစ်ယောက်က သွားခေါသံနဲ့မေးတယ်။၊
"ဘာဖြစ်လို့
မင်းဒီမှာရပ်ပြီး ထရီဇာလို့
အော်ခေါ်နေတာလဲ"
"ငါ့သဘောပြောရရင်"
ကျွန်တော်က ပြောတယ်။
"တခြားနာမည်
ခေါ်လည်းရတယ်။ တခြားတစ်နေရာ
သွားခေါ်လည်းရတယ်၊ ပြဿနာ
မဟုတ်ဘူး"
အတော်ကလေး
ကသိကအောက်ဖြစ်သွားကြတယ်။
မှည့်ခြောက်တွေနဲ့
လူက.. "မင်း
တို့ကို အရူးလုပ်နေတာတော့မဟုတ်လောက်ပါဘူးနော်"
"ဗျာ"
ကျွန်တော် စိတ်မကောင်း
ဖြစ်သွားတယ်။ ကျွန်တော် တကယ်
ရိုးရိုးသားသားပဲဆိုတာ
သိစေချင်လို့ လူတွေကို
ကြည့်လိုက်တယ်။၊ လူတွေက
ဘာမှမပြောဘူး။ ကျွန်တော်
ဆိုလိုတာလည်း သဘောပေါက်ပုံမရဘူး။
နည်းနည်းအိုးတိုးအန်းတန်းဖြစ်သွားတယ်။
"ဒီမယ်"
တစ်ယောက်က
ပြုံးပြုံးရွှင်ရွှင်နဲ့
ပြောတယ်။ "ငါတို့
ထရီဇာလို့ နောက်ဆုံးတစ်ချီ
အော်ခေါ်မယ်၊ ပြီးတော့
အိမ်ပြန်ကြမယ်"
ဒါနဲ့
ကျွန်တော်တို့ တစ်ချီ
ထပ်အော်ခေါ်တယ်။ တစ်နှစ်သုံး၊
ထရီဇာ။ ဒါပေမယ့် အဆင်မပြေဘူး။
ဒီလိုနဲ့ လူစု ခွဲလိုက်တယ်။
တစ်ချို့က ဒီဘက်သွား၊ တစ်ချို့က
ဟိုဘက်သွား။
ကျွန်တော်လည်း(ထွက်လာတာ)
မြို့လယ်ကွက်လပ်ရောက်ခါနီး၊
အသံတစ်သံ ကြားလိုက်ရတယ်
ထင်လိုက်မိတယ်။ ထ.. ရီ..
ဇာ.. ။
တစ်ယောက်ယောက်
အော်ခေါ်ဖို့ကျန်ခဲ့ပုံရတယ်။
ခေါင်းမာတဲ့လူတစ်ယောက်ယောက်။
ဇော်ဇော်အောင်
(မူလစာရေးဆရာ
Italo Calvino အီတလီဘာသာနဲ့ရေး။
Tim Parks အင်္ဂလိပ်ဘာသာပြန်)
ရွက်နုဝေ၊
ဖေဖော်ဝါရီ၊ ၂၀၁၂
No comments:
Post a Comment