> သီဟသူ [dot] blogspot [dot] com: သူစိမ်း -၈

Apr 6, 2012

သူစိမ်း -၈


ရုတ်တရက်
မီးပြတ်သွားတော့
အမှောင်ထဲမှာ တိုးမိ တိုက်မိ
ကိုယ့်အိမ်မှာ
ဘယ်နေရာ ဘာရှိမှန်းမသိဘူး။
မီးခြစ်ကို စမ်းမိတော့
စိတ်ကူးတစ်ချက် ပွင့်သွားတယ်
ရေစိုဖယောင်းတိုင် အတိုလေး
တဖျစ်ဖျစ် ထမြည်တယ်။
ညဟာ
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
တစ်ခုခုလိုတာ အမှန်ပဲ
အာရုံမှားတော့မယ်။

စိုင်းဝင်းမြင့်

No comments:

Post a Comment