> သီဟသူ [dot] blogspot [dot] com: စကြာဝဠာပန်းမြိုင်လယ်

Apr 21, 2012

စကြာဝဠာပန်းမြိုင်လယ်


လော့စ်အိန်ဂျယ်လိမြို့မှာ လေယာဉ်ဆင်းသက်ပါတော့မယ်
အပူချိန် ၇၆ ဒီဂရီရှိပြီး
ရာသီဥတု သာသာယာယာ ရှိပါတယ်။

ငါမရေးသင့်တော့တဲ့ ကဗျာတွေ
သစ္စာမဖောက်သင့်တော့တဲ့ ချစ်သူတွေ
ဟောလီးဝုဒ် မရိုက်သင့်တော့တဲ့ ဇာတ်ကားတွေ
အမ်မင်နမ် မဆိုသင့်တော့တဲ့ စာသားတွေ
အိုဘားမား မပြောသင့်တော့တဲ့ မိန့်ခွန်းတွေ
အားလုံးကင်းရှင်းပြီလား အကြောင်းကြားပါ။

သုခမိန်လှိုင်
Idea, April 2010

No comments:

Post a Comment