> သီဟသူ [dot] blogspot [dot] com: လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၉

Apr 15, 2012

လူငယ်ရှိတယ် ကဗျာအကြောင်း ရောက်သွားတယ် ဆိုကြပါစို့-၉


ရခဲ့တယ် ခန္ဓာကိုယ်နဲ့ အနွေးဓာတ်ရအောင် လုပ်ပေးခဲ့သူလည်း
ရရာနဲ့ အနွေးဓာတ် လုပ်ပေးခဲ့သူဆိုတော့ မင်း
စာအုပ်တွေ မီးရှို့မလို့လား
ဒါပဲရှိတာလေ ဟိုးတလောက ရန်ကုန်ထဲတွေ့တွေ့နေရတာ
အခုကားတွေလား
ဝိုင်းဝိုင်း။ ဖေဖေလေယာဉ်ပျံကြီးနဲ့ ပါသွားပြီ
ပြည့်ပြည့်။ ရေထဲပြုတ်ကျသွားပြီ
ဒီမှာ အခွံ/ခွန် စာအုပ်ကြီး ရသမျှမီးရှို့ပြီး ဂူတင်ဘတ်စာအုပ်လည်း
သွား
ပထမဆုံးပုံနှိပ်ထုတ်ဝေဖြစ်ြဖစ် စာအုပ်တွေထပ်ထည့် မီးမသေစေနဲ့
ABCD ABCD မလွယ်ပါဘူး မလွယ်ပါဘူး (ဝိုင်းဝိုင်းပြည့်ပြည့်)
ကျွန်တော်တို့ မောင်နှမတတွေ ငယ်ငယ်တုန်းကပေါ့ အဖေဟာ အိမ်တိုင်မှာ
ချိတ်ထားတဲ့ခြင်းထဲ ဆေးလိပ်စည်းတွေ ပစ်ပစ်ထည့်ပြီးတစ်နေ ကုန်
တစ်လိပ်ပြီးတစ်လိပ် ယူယူသောက် ဆေးလိပ်ဖင်စီခံတွေ ဟိုပစ် ဒီပစ်
ကျွန်တော်တို့မောင်နှမတတွေ ကျောင်းကပြန်လာတဲ့အခါ ဟိုနေရာ ဒီနေရာ
တစ်အိမ်လုံးလိုက်လိုက်ကောက် အမေ့ကို စုစုပေးရတယ်
အမေက ဆေးလိပ်ဖင်စီခံတွေကို ဒီဇယ်ခွက်ထဲထည့်စိမ်စိမ်ထားပြီးမီး
မွှေးတဲ့အခါလှမ်း လှမ်းယူ။
ကျွန်တော်နဲ့ အလုပ်လုပ်ရတာ ပျော်ရဲ့လား
လမ်းလျှောက်ထွက်ခြင်းကို ထွင်သူကတစ်ယောက်
လမ်းလျှောက်သူကတစ်ယောက်
ကျွန်တော် ဒီကို/လို ရောက်ခဲ့ပါတယ်
ဒီမိုးမှာ မိုးရေထဲလမ်းလျှောက်ရတာ ဝါသနာ/အရသာ
အိမ်က ပန်းချီကားတွေ သမီးတွေကို ပေးပေးဆော့ထားတာ ပြန်သိမ်းမှ
ပန်းသီးတစ်စိပ်လောက်တော့ ရရင်ရမှာပေါ့
ဟဲလို...ဟဲလို...ဆိုတာနဲ့ ဒီမိုးမှာ ငါးပုစွန်ပြောင်းမွေးမလား
သည်မိုးထဲကျွန်တော် ရေဆေးဆက်ဆွဲနေတာ စာအုပ်ဖြန့်နေတာ
အိမ်အပြန်ဒီမိုးမှာ သမီးလေးတွေကို သတိရ
ရေခဲမုန့်ဝယ်မိရက်သားဖြစ်နေတာ
စွေနေတဲ့မိုးမှာကျွန်တော်လည်း ဆက်လက်ဆွေးရမှာ
ဒီမိုးမှာမြစ်ကိုကူး ဖြတ်ဆဲ
ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုသောင်းဦး မမြင်ရတဲ့ငါးကို ဘယ်မွေးမလဲခင်ဗျား
နွားတွေ၊ စပါးတွေပဲ မြင်ရတဲ့စီးပွား ခင်ဗျားစိုက်မှာပေါ့
ရေးထားသည့်အတိုင်း မဖတ်ရဆိုရင် ဒီနေ့ဘာနေ့လဲ၊
ဘယ်နှစ်ခုနှစ်မှာ သင် သင်နေမှာလဲ
ဥပမာ ဇာတ်ကားတစ်ကားလုံး လိုက်လိုက်ရှင်းရှင်းပြနေရတာ
ဘာမှ လာရှင်းပြမနေနဲ့တွေနဲ့ပဲတွေ့တွေ့နရတာ
ကဗျာတစ်ပုဒ်ရဖို့ ခုနှစ်ဘဝ ခုနှစ်ဆက်အချိန်ယူထားရတာ
ချက်ချင်းမီးရှို့လိုက် မင်းရောက်တဲ့အခါ တည်သွားတဲ့မျက်နှာတွေပေါ့
ကလေးတွေကိုလည်း မင်းနာမည်ပေးကြမှာမဟုတ်ဘူး
လမ်းကိုရောပေါ့ အရုပ်ဖြစ်ရတာ ကောင်းတယ်ဆိုတဲ့ငါ
ဘာလုပ်ရမလဲ လူ ငါမလိုချင်ဘူး
အိုမယ်၊ ဖျားနာမယ်၊ သေမယ်
နောက်ထပ်လည်း ဘာမှမရနိုင်ဘူး
အဖေ့ရဲ့ပဲ့နေတဲ့ သစ်တုံးလေးပါ
ပါရမီအစုံရှိတဲ့သားရယ် တော်လိုက်တဲ့သား ငါ့ကိုခုတ်ပိုင်းလိုက်တဲ့အခါ
အထီးလည်းမကျန်တော့ဘူး ထူးလည်းမထူးဆန်းတော့ဘူး
ဘယ်က ပို့လိုက်မှန်းမသိတဲ့ အထုပ်တစ်ထုပ်ရောက်လာပြန်ပြီ
ဖွင့်ကြည့်လိုက်ရင် လက်တစ်ဖက် ရှုပ်ရှက်ခတ်နေတာချည်းပဲ
မင်းဘေးကြည့်လိုက် အရူးတွေ
လူကောင်းအရုပ်ပဲဖြစ်ချင်တယ် ပထမလူက ကဗျာဆရာ (ဆိုရင်) ဒုတိယလူက
ငတုံးပေါ့။
ငါ မကျော်ကြားချင်ဘူး ယာဉ်/ယင် မောင်းမဖြစ်ချင်ဘူး။

စိုင်းဝင်းမြင့်
၁၊ ၈၊ ၂၀၀၈

No comments:

Post a Comment